ပြည်သူ့လွှတ်တော်၊နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် သြစတြေးလျ နှစ်နိုင်ငံ လွှတ်တော်များ၏ ပိုမိုကောင်းမွန် လာသောဆက်ဆံရေး၊ ၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပခဲ့သောအာဆီယံ - သြစတြေးလျ ထိပ်သီး ဆွေးနွေးပွဲ၏ အတွေ့အကြုံများ၊ သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံကို ကူညီပံ့ပိုးပေးသည့်   ပညာရေး အစီအစဉ်များ၊ နိုင်ငံခြားရေးပေါ်လစီနှင့်ပတ်သက်သော သြစတြေးလျနိုင်ငံ၏ စက္ကူဖြူကြေညာချက်၊ နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များအပြန်အလှန်လေ့လာရေးခရီးစဉ်နှင့်   မြန်မာနိုင်ငံရွေးကောက်ပွဲ များနှင့် ပတ်သက်သော သြစတြေးလျနိုင်ငံ၏ အကူအညီကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်

Standard (Image)