ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Ooredoo Myanmar Limited မှ Chief Executive Officer Mr. Vikram Sinha နှင့် Telenor Myanmar Limited မှ အမှုဆောင်အရာရှိချုပ် Mr. Sigve Brekke တို့အား တွေ့ဆု

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် Ooredoo Myanmar Limited မှ Chief Executive Officer Mr. Vikram Sinha ဦးဆောင်သည့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် အချိန်တွင်လည်းကောင်း၊ Telenor Myanmar Limited မှ အမှုဆောင်အရာရှိချုပ် Mr. Sigve Brekke ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန် တွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေး ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ Universal Service Fund (USF) သုံးစွဲမှုအခြေအနေများနှင့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်သိုက်၊ ဦးသန်းစိုးအောင်၊ ဦးစိုင်းဦးခမ်းတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်
 

 

Standard (Image)