ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးသာ Think Tank အဖွဲ့အစည်းတစ်ခုဖြစ်သော South Centre ကိုယ်စားလှယ် Mr. Martin KHOR, Executive Director ဦးဆောင်သည့်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းသန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးကြည်သာ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အဖွဲ့ဝင်ဦးကြည်တင့်၊ ဦးသန်းဝင်းနှင့်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးသောင်းမြင့်၊ ဦးစိုးသိန်းတို့ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပဋိညဉ်စာချုပ်ကိစ္စများနှင့် ပတ်သက်၍ ယနေ့ကမ္ဘာ့အခြေအနေ၊ အာဆီယံများပေါ်မူတည်၍ လာရောက်ရှင်းလင်းဆွေးနွေးကြသည်။
၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်
