ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (၁)ဧည့်ခန်းမဆောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာစင်္ကာပူသံရုံးမှ ဒုတိယသံရုံးအကြီး အကဲနှင့် သံမှူး Mr.Koh Chee Chain အား လည်းကောင်း၊ ညနေ (၁၆း၀၀)နာရီအချိန်တွင် မြန်မာပညာတော်သင် ကျောင်းသားများအဖွဲ့ (Myanmar Scholarship Alumini Association )အား လည်းကောင်း အသီးသီး လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးနှင့်လွှတ်တော်ဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဟိန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်နန့်အေးအေးကြည် နှင့်လွှတ်တော်ရုံးမှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။
၂၀၁၄ခုနှစ် ဇန်နဝါရီ လ ၂၁ ရက်
