ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား)၊ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဦးလှမြင့်ဦးနှင့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် ဗြိတိန်နိုင်ငံ Bingham တရား ဥပဒေ စိုးမိုးရေးစင်တာမှ ညွှန်ကြားရေးမှူးဖြစ်သူ ပါမောက္ခ Sir Jeffrey Jowell QC ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ (၁ရး၀၀) နာရီ အချိန်တွင် လွှတ်တော် အဆောက်အအုံ ရေးရာဆောင်၊ (I-1) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာ ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးကိုကိုထွန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၇ ရက်
