ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌဦးသိန်းဇော်သည် HD Centre for Humanitarian Dialogue မှ Director , Ms. Dr. Katia Papagianni ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အဦ ပြည်သူ့ လွှတ်တော် ကော်မ တီဆောင် အမှတ် (I-6) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် လွှတ်တော်မှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခန်းကဏ္ဍများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှု ဘဝမြှင့် တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင် ဦးခင်မောင်ဌေး၊ ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်စိုး နှင့်ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်
