ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း မြန်မာနိုင်ငံဆိုင်ရာသြစတြီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဗန်ကောက်အခြေစိုက် သြစတြီးယားနိုင်ငံသံအမတ်ကြီး H.E.Mr. Enno Drofenik အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ (၄)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့်ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။ 

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်

Standard (Image)