ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဆွီဒင်ကြက်ခြေနီအသင်း၏ဥပဒေအကြံပေးနှင့် အပြည်ပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး တို့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဆွီဒင်ကြက်ခြေနီအသင်း၏ဥပဒေအကြံပေးနှင့် အပြည်ပြည်ဆိုင်ရာ ညွန်ကြားရေးမှူး Mr.Dick Oskar Anders Clomen နှင့် Ms.Eva Ingela Holmertz တို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ (၄း၃၀)တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ်(၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  မြန်မာ- ဆွီဒင် ကြက်ခြေနီအသင်းများအကြား  ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခိုင်မာ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဥပဒေရေး ရာနှင့် အထူးကိစွရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်စိုးနှင့် လွှတ်တော် ရုံးမှ တာဝန်ရှိသူများတတ်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ရက်

Standard (Image)