ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ကနေဒါနိုင်ငံ၊ Ottawa တက္ကသိုလ်၊ Jean- Luc Pepin သုတေသနအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ Mr. Kevin Page ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် Open Society Foundation အစီအစဉ်ဖြင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ စိစစ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည့် ကနေဒါနိုင်ငံ Ottawa တက္ကသိုလ်၊ Jean- Luc Pepin သုတေသနအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ Mr. Kevin Page ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လယ် (၁)နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ အဆောင်အမှတ်(I-1)၌ လက်ခံတွေ့ဆုံပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာ စိုးရင်၊ ဦးမောင်တိုး၊ ဦးကိုကိုထွန်းနှင့် လွှွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ  ၁၉ ရက်

ဓာတ်ပုံများ

Standard (Image)