ပြည်သူ့လွှတ်တော်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ နော်ဝေနိုင်ငံရေနံနှင့် စွမ်းအင်ဝန်ကြီးဌာနမှ Mr.Ole-Jocob Edna ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီသည် နော်ဝေနိုင်ငံ ရေနံနှင့် စွမ်းအင်ဝန်ကြီးဌာနမှ Mr.Ole-Jocob Edna ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် ညနေ (၄) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာဆောင် အမှတ်(၁၀) ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦး လွန်းသီနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးသိန်းလွင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းနွယ်၊ ဦးသိန်းရီ၊ ဦးသန်းဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံစဉ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြီး စွမ်းအင်ကဏ္ဍအသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များ၊  မြန်မာ-နော်ေ၀ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့်  ရင်းနှှီးမြှုပ်နှံ ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

Standard (Image)