ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း Hanns Seidel Foundation မှ Chairwoman နှင့် ဘာဗေးရီးယန်းပြည်နယ် လွှတ်တော်ဥက္ကဌ တို့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Hanns Seidel Foundation မှ Chairwoman, Professor Ursula Mannle နှင့် ဂျာမနီနိုင်ငံ၊ ဘာဗေးရီးယန်းပြည်နယ် လွှတ်တော်ဥက္ကဌ Hon. Mrs. Barbara Stamm တို့အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်

Standard (Image)