ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးရင်သည် ဟောင်ကောင် တက္ကသိုလ် သုတေသန လက်ထောက်ပါမောက္ခဟောင်း၊ အရှေ့တောင်အာရှ လေ့လာရေးအဖွဲ့ (ISEAS) အဖွဲ့ဝင်ဖြစ်သူ ပြင်သစ်သုတေသန ပညာရှင် Dr. Renaud Egreteau အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် (၈း၃၀)နာရီတွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာအဆောင်အမှတ် (I-4) တွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးက လွှတ်တော်တွင်း ဥပဒေပြုသည့် လုပ်ငန်းများ၊ အခြေခံဥပဒေပြင်ဆင်သည့် အကြောင်းအရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအတွက် Capacity Building လုပ်ငန်း၊ လွှတ်တော်ကော်မ တီများနှင့် အစိုးရအဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်
Standard (Image)
