ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြင်သစ်အမျိုးသားလွှတ်တော် ပြင်သစ်- မြန်မာ ချစ်ကြည်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြင်သစ် အမျိုးသား လွှတ်တော် ပြင်သစ်- မြန်မာချစ်ကြည်ရေး ကော်မတီဥက္ကဋ္ဌ မစ္စစ်မီရှဲလ်ဘွန်းန်တွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၉ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်စိုးနှင့် ဒေါ်အေးအေးမူ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြင်သစ်-မြန်မာ ချစ်ကြည်ရေးကော်မတီဥက္ကဋ္ဌနှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Thierry MATHOU လည်း တက်ရောက်သည်။ 

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၀ ရက်

Standard (Image)