ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်သည် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညနေ(၄:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရုံး အမှတ် (၂၀)တွင် ကျင်းပသော Open Society Foundation အစီအစဉ်ဖြင့် ကနေဒါနိုင်ငံ အော်တဝါ တက္ကသိုလ်မှ ရသုံးမှန်း ခြေငွေ စာရင်းဆိုင်ရာကျွမ်းကျင်သူများအဖွဲ့က ပြုလုပ်သည့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာစိစစ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်
Standard (Image)
