ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် အမေရိကန်နိုင်ငံ အမျိုးသားဒီမိုကရက်တစ် အင်စတီကျု၊ National Democratic Institue(NDI) မှ ဌာနေကိုယ်စားလှယ် Dr.Richard A.Nuccio နှင့် အမေရိကန်နိုင်ငံအခြေစိုက် ဝါရှင်တန်မြို့ရှိ (NDI)ဌာနချုပ်မှ အာရှအကြီးတန်း အကြံပေးအရာရှိ Ms.Jackie Corcoran ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖေါ်ဝါရီလ ၉ ရက်နေ့(၁၅း၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ်(၁)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ရေးရာအရည်အသွေးမြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်၊ ဖေဖေါ်ဝါရီလ ၉ ရက်
