ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကိုရီးယား ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ရီကီလ်ဆွန်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် မွန်းတည့် (၁၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဧည့်သည်တော် နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Kim Sok Chol လည်း တက်ရောက်သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်
Standard (Image)
