ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား)၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အာဂျင်တီးနားသံရုံးမှ သံအမတ်ကြီး H.E.Ms. Maria Ramirez နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံရုံ

 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ (ကိုယ်စား) နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (၁) ဧည့်ခန်းမ၌ ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အာဂျင်တီးနားသံရုံးမှ သံအမတ်ကြီး H.E.Ms. Maria Ramirez အား နံနက် (၉း၀၀)နာရီအချိန်တွင် လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံရုံးမှ သံအမတ်ကြီး H.E.Mr.Bruce Shepherd အား မွန်းလွဲ (၁၃း၀၀)နာရီအချိန်တွင် လည်းကောင်း အသီးသီး လက်ခံတွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် လွှတ်တော်ရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးကိုကိုထွန်း၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၅ ခုနှစ်  ဖေဖော်ဝါရီလ ၉ ရက်

Standard (Image)