ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (၆၈) ကြိမ် မြောက် မွန်အမျိုးသားနေ့ ညစာစားပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

 (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ ညစာစားပွဲအခမ်းအနားကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၄) ရက် ညနေ (၆)နာရီ (၁၅)မိနစ်တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ The Hotel Royal ACE တွင် ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မွန်တိုင်းရင်းသား တိုင်းရင်းသူများ၊ ဖိတ်ကြားထားသူများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဝါဒ မိန့်ခွန်းပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သြဝါဒ မိန့်ခွန်းပြောကြားသည်။

ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၏ သဝဏ်လွှာကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဖတ်ကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ဖတ်ကြားသည်။

ထို့နောက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက နှုတ်ခွန်းဆက် စကားပြောကြား သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ကူညီရေးနှင့် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၅ ရက်

 

Standard (Image)