ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာဗျူရို အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေဆုံ

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာဗျူရို အကြီးတန်း ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Scot Marciel  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် ညနေ (၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့် ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံ တကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အကြီးတန်း ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်လည်း တက်ရောက်ခဲ့သည်။  

၂၀၁၅ ခုနှစ်  ဖေဖော်ဝါရီ လ ၅ ရက်

Standard (Image)