ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ UNFPA မှ Ms.Janet E.Jackson အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေသည် UNFPA မှ Ms.Janet E.Jackson အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် နံနက် (၉)နာရီတွင် နေပြည်တော်၊ ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ၊ ရေးရာဆောင်အမှတ် (၄) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌမှ မိမိတို့ ကော်မတီအနေဖြင့် ပြည်သူ များ၏ ရပိုင်ခွင့်၊ လူ့အခွင့်အရေးနှင့် သာတူညီမျှဖြစ်စေရန် ခေတ်စနစ်နှင့် ကိုက်ညီသော ဥပဒေများ ပေါ်ပေါက်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုလို အဆွေတော် တို့မှ လွှတ်တော် ကော်မတီများကို အတွေ့အကြုံနှင့် အမြင်များကို လာရောက်ဖလှယ် ဆွေးနွေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုဆွေးနွေးချက်များသည်လည်း လွှတ်တော်တွင် ဆွေးနွေးမည့် ဥပဒေများ အတွက်လည်း အထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်းနှင့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် UNFPA အဖွဲ့အနေဖြင့် အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 အဆိုပါတွေ့ဆုံပွဲသို့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့်အတူ အတွင်း ရေးမှူး ဦးမြင့်သူ၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာတင်မောင်ကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးကျော်မြင့်၊ ဒေါ်ဇာတလဲမ်း၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်

Standard (Image)