ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးသည် ကုလသ မဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ ဌာနေကိုယ်စားလှယ် Mrs. Janet E. Jackson , (UNFPA Representative for Myanmar) နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးသည် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ ဌာနေကိုယ်စားလှယ်Mrs. Janet E. Jackson , (UNFPA Representative for Myanmar) ဦးဆောင်သော အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် နေ့လယ် (၁၂း၀၀)နာရီအချိန်တွင်  ပြည်သူ့ လွှတ်တော်ဝန်းအတွင်းရှိ ရေးရာဆောင် အမှတ်(၁)၌ လက်ခံတွေ့ဆုံသည်၊၊

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး မှ ကော်မတီအနေဖြင့် ပြည်သူများ၏ လိုအင် ဆန္ဒ၊ တောင့်တချက်တွေကို လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှ  ဖြည့်ဆည်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့် အရေး ကိစ္စများ ကိုလည်း ပြောင်းလဲကျင့်သုံးနေသည့် စနစ်သစ်နှင့် လိုက်လျောညီထွေမှုဖြစ်စေ ရန် အတွက် ဧည့်သည်တော်အဖွဲ့အနေဖြင့် ယခုလို လာရောက်တွေ့ဆုံ၍ လက်ရှိ လွှတ်တော်တွင် ဆွေးနွေးရန်ရှိသည့်  ဥပဒေများကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းအညီ ဖြစ်စေရန်အတွက် အမြင်ခြင်း၊ အတွေ့အကြုံခြင်း ဖလှယ်မှု အပေါ် ကျေးဇူး တင်ရှိပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်းဖြင့် ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေး နှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ  အတွင်းရေးမှူး ဦးတင် မောင်ဝင်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ကျော်ခင်၊ ဦးမောင်မောင် တင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်၊၊

 ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်

Standard (Image)