ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ၃၀-၁-၂၀၁၅ နေ့ ၁၃း၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်၊ စီပွား ရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းတို့နှင့် အတူ ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ အယ်ဒီ တာနှင့် သတင်းထောက်များအား ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရီဆောင် မီဒီယာခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့် တို့က သတင်းမီဒီယာသမားများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ကဲ ဒီနေ့တော့ မနက်ဖြန်ဆိုရင် လွှတ်တော်များဖွဲ့စည်းတည်ဆောက်ရာမှာ ၄နှစ်တင်းတင်း ပြည့်ပါပြီ။ လွှတ်တော်စဖွဲ့စည်းတဲ့ ၄နှစ်ဒီကာလအတွင်း လွှတ်တော်ဆိုင်ရာကိစ္စရပ်များကို ကိုယ့်ရဲ့ လွှတ်တော်အတွင်းကော နိုင်ငံတကာရောက်ရှိတဲ့ခရီးစဉ်မှာကော အားလုံး သိရှိခဲ့ရ တာ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေက လွှတ်တော်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဥက္ကဋ္ဌကြီး နဲ့ တွေ့ချင်ပါတယ်။ စီစဉ်ပေးပါ။ ဒါကြောင့်မို့လို့ ဒီနေ့မှာတော့ မီဒီယာတွေက ဥက္ကဋ္ဌနဲ့ တွေ့ဖို့ ခွင့်ပန်ပါတယ်။ ပါတီဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးပြုလုပ်တဲ့ ရက်တုန်းက လည်း တွေ့ဆုံရန် တောင်းဆိုမှု တိုက်နေပါတယ်။ အခုအချိန်လည်းရတဲ့ အတွက် စီစဉ်ခြင်း ဖြစ်ပါတယ်။

ဦးဟိန်းသွင်ထက် (The Voice) မှမေးမြန်းပါသည်။

မေးခွန်းနဲနဲလောက်မေးချင်ပါတယ်။ မေးခွန်းက ၂ ခု ပေါ့နော်။ ပထမ ၁ ခု က နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးလုပ်တယ်လို့ သိရှိရပါတယ်။ လက်ရှိ အနေ အထားမှာ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု တွေကလည်း တစ်ဖက်က အစိုးရကထိန်းညှိနေရတဲ့အခြေအနေ ဖြစ်နေပါတယ်။ အဲကိစ္စနဲ့များ သက်ဆိုင်နိုင်သလား။ ဒါမှမဟုတ် အခြားဘယ်အကြောင်းအရာတွေနဲ့များ ဆွေးနွေးဖို့ အစည်း အဝေးခေါ်ရပါသလဲ။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ဖြေကြားခွင့်ရှိသလောက် ဖြေပေးပါ။ နောက်တစ်ခုက လွှတ်တော်နဲ့ နိုင်ငံတော်သမ္မတရုံးနဲ့ ကွာဟချက်ဖြစ်နေတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံမှု ပြည်ထောင်စုလွှတ်တော်မှာ ဒီအပတ် ၆ပွင့်ဆိုင် တွေ့ဆုံမှုနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး အပိုင်းမှာ နှစ်ဖက်ပွတ်တိုက်မှုတွေရှိတယ်လို့ ကျွန်တော်တို့ မီဒီယာတွေကလည်း သုံးသပ်သလို အခြားနိုင်ငံရေးသမားတွေကလည်းသုံးသပ်တာ ရှိပါတယ်၊၊   အဲဒီအပိုင်းကို နာယက တစ်ယောက် အနေနဲ့ အဆင်ပြေအောင် တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု ရအောင် ဘယ်လိုများ ညှိနှိုင်း ဆောင်ရွက်မှုရှိပါသလဲ။ ကျွန်တော်တို့သိထားတာ ဒီအတော အတွင်းမှာ နာယကကြီးအနေနဲ့ နိုင်ငံတော် သမ္မတနဲ့ ၂ယောက်တည်း တွေ့ထားတယ်လို့လဲ သိရှိရပါ တယ်။ တခြား ၆ပွင့် ဆိုင်မှာ ပါတဲ့  ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဖို့ရှိပါသလား။ ဘာတွေများ ဆွေးနွေးဖို့ရှိပါသလဲ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ပထမအချက်ကတော့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ဟာ ပုံမှန် အစည်းအဝေးဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ဒီထဲမှာ ဆွေး နွေးနေတာ ၆ ပွင့်ဆိုင်ကိစ္စဟာပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး မလွှဲမသွေတွေ့နိုင်ကြဖို့အတွက် ပြီးခဲ့တဲ့လွှတ်တော်ဆိုင်ရာ အဖွဲ့ အစည်းနဲ့ ဒီလိုပဲဆွေးနွေး ထားပါတယ်။ ဒီနေ ရာမှာတော့ ခုနက ၆ပွင့်ဆိုင် ဆွေးနွေးပွဲ နောက်ပိုင်းမှာ ရရှိလာမယ့် အခြေအနေ အပေါ်ဆက်လက်ပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံပြီး နိုင်ငံတော်ကောင်းအောင် ထူထောင် မယ်ဆိုလို့ရှိရင် လူကြီးပိုင်းအနေနဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်တာ အကောင်းဆုံးညှိနှိုင်းမှု ဖြစ်ပါတယ်။ ယခင်အချိန်ကာလများမှာ တွေ့ဆုံမှုတွေ ရှိပါတယ်။ နောင် လည်း ဒီလိုပဲတွေ့ ဆုံဖို့ရှိပါတယ်။

 ဦးဟိန်းသွင်ထက် (The Voice) မှမေးမြန်းပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးဖို့ရှိပါသလား။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

 တွေ့ဆုံဖို့ရှိတာပေါ့။ လူကြီးပိုင်းအနေနဲ့ တွေ့ဆုံမှုတွေလည်းရှိတာပေါ့။

ဦးဟိန်းသွင်ထက် (The Voice) မှမေးမြန်းပါသည်။

၆ပွင့်ဆိုင်နဲ့ ပတ်သက်ပြီး ဒီအချိန်ကာလ သတ်မှတ်ချက်ရှိပါသလား။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဒါကတော့စောင့်ကြည့်ရမှာပါ။

ဦးမင်းသူ (Street View) မှမေးမြန်းပါသည်။

၆ပွင့်ဆိုင် အဆိုနဲ့ ပတ်သက်ပြီးမေးချင်ပါတယ်။ ၆ပွင့်ဆိုင်အဆိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ထွက်မလာခင်မှာတွေ့ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။ ၆ပွင့်ဆိုင် အဆိုကို ဖွဲ့စည်းပုံအကျပ်အတည်းကို ကျော်လွန်ပြီးတော့ ၆ပွင့်ဆိုင်တွေ့ဆုံရေးဟာ ဘယ် အချိန် အတိုင်းအတာ ကာလအတွင်းမှာ တွေ့သင့်တယ်လို့ နာယကကြီးအနေနဲ့ တိုက်တွန်း ပြောဆိုလို ပါသလဲ။ အဲဒီတစ်ချက် ကိုသိချင်ပါတယ်။ နောက်တစ်ခုက နာယက ကြီးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတယ်လို့ သတင်းဖော်ပြမှုတွေရှိနေပါတယ်။ တပ်မတော်သားကိုယ်စားလှယ် တွေနဲ့ ဒီလိုတွေ့ဆုံခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃၆ ပြင်ဆင်ရေးဟာ ဘယ်လောက်ထိ အထောက်အကူပြုနိုင်သလဲ။ ဒီထက်တစ်ဆင့် မြှင့်ပြီးတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိကကျတဲ့ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ ၄၃၆ အကျပ်အတည်းကို ကျော်လွှားဖို့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါသေးလား။

 

 

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ခုနက ၆ပွင့်ဆိုင်တွေ့ဆုံခြင်း ဘယ်တော့လုပ်မလဲ။ အချိန်ကာလသိချင်တယ်ဆိုရင် ဒါလေး တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အကျုံးဝင်မယ်လို့ ကျွန်တော် ဒီလိုပဲပြောချင် ပါတယ်။ ဒါနဲ့ ပြောလိုတာက တရားဝင်ကြော်ငြာပေးပို့ ထင်ထားတဲ့ အတိုင်း ဖြစ်ဖို့များပါတယ်။ အချိန်ကာလအနေနဲ့ကတော့ ခုနပြောသလိုပဲ ပြောရမယ်ဆိုရင်တော့  ၁၂ ကြိမ်မြောက် လွှတ်တော် ပုံမှန် အစည်းအဝေးကာလမှာပဲ ဖြစ်နိုင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတင် မကပါဘူး။ နိုင်ငံ့တည်ဆောက်ရေး၊ နိုင်ငံ့လူမူရေး၊ နိုင်ငံ့ ကာကွယ်ရေးမှာ တပ်မတော်အခန်း ကဏ္ဍက ဘယ်လိုပါဝင်ရမယ်၊ ဘယ်လို ပါဝင်နေလဲ၊ ဒါပေမယ့် လွှတ်တော် အခန်းကဏ္ဍကနေ ဘယ်လိုပါဝင်လဲဆိုတာကို လွှတ်တော်ရဲ့ သဘောထား၊ ပြောမယ်ဆိုရင် ပါတီရဲ့ သဘော ထား ကို ပြောကြားခြင်း ဖြစ်ပါတယ်။

ဦးမောင်မောင်ထွန်း (စောင့်ကြည့်ဂျာနယ်) မှမေးမြန်းပါသည်။

 NLD ကဦးထွန်းထွန်းဟိန်အပါအဝင် NLD ပါတီရဲ့ NLD ကဦးဆောင်တဲ့ နာယကကြီးနဲ့ ပညာရေး ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်လို့ သိရပါတယ်။ နောက်တစ်ခုက လက်ရှိ အမျိုးသား ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ လှုပ်ရှားမှုမှာ နောက်ကွယ် ကနေ နိုင်ငံရေး ပါတီ အချို့ရဲ့ ကြိုးကိုင်တယ်လို့သိရပါတယ်။ တကယ်လို့ အဲဒါများဖြစ်လာ မယ်ဆိုရင် ဘယ်လို များ ဆောင်ရွက် မလဲသိချင်ပါတယ်။ နောက်ကွယ်ကနေ နိုင်ငံရေးပါတီ တချို့ရဲ့ ကြိုးကိုင်တယ်လို့ သိရပါတယ်။ တကယ်လို့များဖြစ်လာမယ်ဆိုရင် ဘယ်လိုများ ဆောင်ရွက် သွားမလဲ သိချင်တယ်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

နိုင်ငံရေးပါတီနောက်က ကြိုးကိုင်မှု မကိုင်မှုကို မိမိတို့အနေနဲ့ သုံးသပ်ပြောဆိုခွင့် မရှိပါဘူး။ တကယ်လို့ သုံးသပ်ခွင့်ရှိလို့ ပြောလိုက်တယ်ဆိုရင်လည်း မှားသွားရင် မကောင်းပါဘူး။ အဲတော့ အခုလိုဖြစ်တဲ့ကိစ္စကတော့ အမျိုးသားပညာရေးဥပဒေပေါ်မှာ မူတည်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ကိစ္စ ဖြစ်တဲ့အတွက် ဒီအမျိုးသားပညာရေး ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်တွေ ကုစားနိုင်ဖို့ အတွက် တော့  ပြီးခဲ့ သည့် ဆွေးနွေးသွားသည့် လေးပွင့်ဆိုင်ကိစ္စကို စောင့်ပြီးတော့ ဒီပေါ်မူတည်ပြီးအခါ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ဖို့ကိုလည်း ဒီ လေးပွင့်ဆိုင် အစည်းအဝေးကနေပြီးတော့ အဖြေကောင်းတွေ ဖြေသွားလိမ့်မယ်။ အကြမ်းဖျဉ်း သိသလောက်ကတော့ ဖေဖော်ဝါရီလအတွင်း သတ်မှတ်တဲ့နေရာမှာ အစည်းအဝေးကို လုပ်ပါလိမ့်မယ်။ အဲဒီအစည်းအဝေးကိုလည်း  မိမိတို့ လွှတ်တော် ကိုယ်စား လှယ်များ တက်ရောက်မှာဖြစ်ပါတယ်။

ဦးမောင်မောင်ထွန်း (စောင့်ကြည့်ဂျာနယ်) မှမေးမြန်းပါသည်။

အဘနဲ့ NLD က ဦးဆောင်တဲ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားတာ ကြား သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

မမှတ်မိပါဘူး။ တစ်ဖွဲ့ထဲလည်းမဟုတ်ပါဘူး။ ဒီအမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်နိုင်ရေးအတွက် တချို့ပညာရှင်များကိုလည်း တွေ့ခဲ့ရတယ်။ တစ်ဖွဲ့တည်းနဲ့ တွေ့တာ မဟုတ်ပါဘူး။

ဦးမျိုးသန့်ခိုင် (RFA) မှ မေးမြန်းပါသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနေရာမှ သမ္မတကြီးဦးသိန်းစိန် က ယာယီ တာဝန်အနေနဲ့ သွားနေတဲ့အတွက်ကြောင့်  ဒုဥက္ကဋ္ဌက ပါတီဥက္ကဋ္ဌအနေနဲ့တာဝန်ယူ ထားတယ်။ နောက်ပြီးတော့ ဗဟိုကော်မတီဝင်တစ်ယောက်  ပြောတာရှိပါတယ်။ တပ်ထဲမှာဆိုရင် တပ်ရင်းမှူး  ကဂျူတီသွားနေတဲ့အတွက် တစ်ယောက်တစ်လှည့် တာဝန်ယူတာရှိတယ်လို့ သိရပါတယ်။ အဲလို ပါတီထဲမှာ လည်း ဥက္ကဋ္ဌနေရာနဲ့ ပတ်သတ်ပြီး သမ္မတကြီး ဦးသိန်းစိန်ဆိုပြီးတော့ ပါတီတွေ အချင်းချင်း ကွဲလွဲနေတာကို ကြားနေရပါတယ်။ အဲဒီ အပေါ်မှာ နာယကကြီးရဲ့ ကောက်ချက်လေး လည်းသိချင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

အားလုံးသိတဲ့အတိုင်းပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌဟာ သမ္မတကြီးဦးသိန်းစိန်  ဖြစ်ပါတယ်။ သမ္မတ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ ပါတီတာဝန်များကို ထမ်းဆောင်နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ ယာယီ တာဝန် ထမ်းဆောင်ခွင့် ဒီကာလမှာရှိတဲ့အတွက် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မိမိက ပါတီရဲ့ ဥက္ကဋ္ဌနေရာကို ဦးဆောင်နေခြင်း ဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်သည် ပါတီမှာ လဲ ဥက္ကဋ္ဌဘဲ။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ဆောင်မှု မရှိသဖြင့် သမ္မတ သက်တမ်းကာလမှာ ပါတီရဲ့ဥက္ကဋ္ဌ တာဝန်များကို ဦးဆောင်ရွက်နိုင်ခြင်းမဖြစ်နိုင်ဘူး။ တချို့က ဒီဟာကို အဓိပ္ပါယ်အမျိုးမျိုး တဖက်နဲ့ တဖက် တစ်ဦးနဲ့ တစ်ဦးသံသယတွေ ရှိအောင် သွေးတိုးစမ်းတဲ့ ကိစ္စများ ရှိနိုင်ပါတယ် ဒီလိုဖြေရှင်းချင်ပါတယ်။

ဦးမျိုးသန့်ခိုင် (RFA) မှမေးမြန်းပါသည်။

ဒုတိယမေးခွန်းကတော့ အခု ၂၀၁၅ နီးလာပြီ ဆိုတော့ ဒီ ပြည်တွင်းပြည်ပ မီဒီယာတွေ အကုန်လုံးမှ ဒီတစ်ပြေးနေတဲ့ သမ္မတဝင်အရွေးခံမယ်၊ မခံဘူးဆိုတဲ့နေရာမှ  နံပါတ် ၄ နေရာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါနေတာ ကိုတွေ့ရပါတယ်၊ တစ်ဖက်ကလည်း  အသက် ၆၀ ပြည့်ရင်အနားယူတော့မယ်ဆိုပြီး ပြော နေတာရှိတယ်။ အဲဒီတော့ ကာကွယ် ရေး ဦးစီးချုပ်နိုင် ငံရေးထဲ ဝင်လာမယ်ဆိုရင် သမ္မတ နေရာမှာ ဝင်အရွေးခံမယ်ဆိုရင် နာယကကြီးအနေနဲ့ အဲဒီအနေအထားတွေဖြစ် လာမယ့် အနေအထားမျိုးတွေရှိပါသလား။ နောက်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ် တစ်ယောက် အနေနဲ့ သမ္မတလောင်းအနေနဲ့ ဝင်ရောက် ရွေးချယ်ခွင့် ရှိပါသလား။ သူအပေါ်မှာ နာယကကြီး ဘယ်လို သုံးသပ်သလဲ ဖြေကြားပေး ပါခင်ဗျား။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဒီလိုမိမိတို့ နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲစနစ်ကိုသုံးသပ် ကြည့်မယ်ဆိုလျှင် တခြား နိုင်ငံ တွေနဲ့မတူပါဘူး။ ထိုနည်းတူစွာဒီနေ့ အနီးအနားမှရှိတဲ့ အင်ဒိုးနီးရှားနိုင်ငံလိုမျိုး ၊ သူ့တို့ နိုင်ငံမှာ သမ္မတရွေးချယ်မယ်ဆိုလို့ရှိရင် ရွေးကောက်ခံကို  တင်မြှောက်တဲ့ ရွေးကောက်ပွဲ စနစ် ပုံစံမျိုး ဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတရွေးချယ်တယ်ဆိုလို့ရှိရင် ဘယ်ကရွေးချယ်လဲ။ လွှတ်တော်က ရွေးချယ်တယ်၊ လွှတ်တော် က (၃)ခုရှိတယ်၊ လွှတ်တော်က (၃)ခု ဆိုတာကတော့ နံပါတ် ၁- ပြည်သူ့ လွှတ်တော် ၂- ကတော့ အမျိုးသားလွှတ်တော်နဲ့ နောက် တစ်ခုကတော့ လွှတ်တော်တော့ မဟုတ်ဘူး။ ဒါပေမဲ့ တပ်မတော်သားကိုယ်စားလှယ်များ အစု အဖွဲ့၊ အဲဒီ အဖွဲ့ (၃)ဖွဲ့ က ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ်ပါတယ်။ ဒါကြောင့်မို့လို့ စနစ် မတူတဲ့ကိစ္စတွေမှာ သူ့တို့ကတော့ ဘာဖြစ်ချင် တယ်၊ ဘာလုပ်ချင် တယ်ဆိုတာကို သူ့ရဲ့ ဆန္ဒကို လက်ခံမှာလား။ ခုနက တပ်မတော် ကာကွယ် ရေးဦးစီးချုုပ်နဲ့ ပတ်သက်လို့ ပြောဆိုလာတာရှိတယ်။ ဒါပေမယ့် သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်က သူ့အနေနဲ့ ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိဘဲနဲ့ဆိုရင်တော့ နောက်တခုက ရှိသေး တယ် တစ်ကယ်လို့ ဒုတိယသမ္မတကို သက်ဆိုင်ရာ လွှတ်တော် အဖွဲ့အစည်းတွေက ရွေးမယ် ဆိုလို့ရှိရင်  အရွေးချယ်ခံမယ့်သူက ကျွန်တော် ဒီတာဝန်တွေကို ထမ်းဆောင်ပါမယ်လို့ ကတိပေးမှ လက်မှတ်ထိုးမှ သူ့ကိုအလုပ်ပေးလို့ရတယ်။ ဒါကြောင့်မို့လို့ တချို့ အထင်နဲ့ အမြင်နဲ့ ပြောဆိုနေတာက ဒီနေ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရရော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရရော ညီညွှတ်မှုမရှိဘဲနဲ့ အထင်နဲ့ အမြင်နဲ့ ပြောနေတာဖြစ်ပါတယ်။

DVB က ကိုအောင်ကြီး မှမေးမြန်းပါသည်။

လွှတ်တော်သက်တမ်း၄နှစ်ကာလမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုဟာ ဘယ်လောက် အရေးပါပါသလဲ။ ဘယ်လောက်အတိုင်းအတာထိ ရောက်သွားမယ်ဆိုတာကို လွှတ်တော် ကိုယ်စား လှယ် ဥက္ကဋ္ဌအနေနဲ့ သုံးသပ်ပေးပါရန်နှင့် နောက်တချက်အနေနဲ့ အတည်ပြု လိုက်တဲ့ ဥပဒေများ သည် တကယ်ကိုမြန်မာနိုင်ငံမှာ အကြွင်းမဲ့သက် ရောက်မှုရှိမ/ရှိ အဲဒါသိချင်တယ်။ ကျွန်တော်တို့ အဂတိ လိုက်စားမှုနဲ့ ပပျောက်ရေးနှင့် ပတ်သက်၍ လွှတ်တော်ကဘယ်လိုများ ရှိပါသလဲခင်ဗျာ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ပထမဆုံး တစ်ခုက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကဘယ်လောက် အတိုင်း အတာထိ ရောက်သလဲဆိုတာကတော့ ပေတံနဲ့တိုင်းလို့မရဘူး။   နောက်ပြီးတော့ အရာဝတ္ထုနဲ့ တိုင်းတာလို့လဲ မရဘူး။ ဒါပေမဲ့သေချာတာကတော့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ က နဲ့စာရင်တော့ အများကြီး ပြောင်းလဲလာတယ် အခုလိုမေးမြန်း ဆွေးနွေးနိုင်ခွင့် ဟိုတုန်းကမရှိခဲ့ဘူး။ အခု အများကြီး ဖြစ်လာ တယ်။ နောက်တခုက လွှတ်တော်ရဲ့အရေး လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အယူ၊ သူ့တို့ရဲ့ထင်မြင်ယူဆချက်တွေကို လွှတ်တော်တွေမှ မေးမြန်းတယ်။ မေးခွန်း၊ အဆို၊ ဥပဒေများ ဒီဟာတွေကယခင် ဘယ်တုန်းကမှ မရှိခဲ့တဲ့ကိစ္စတွေကို ဒီအချိန်မှဆောင်ရွက်နေတယ်။ ဒါ့အပြင် ပြည်သူ့တွေထဲက မေးခွန်းတွေ မေးတာရှိတယ်။ တချို့မေးခွန်းတွေဆိုရင် သူ့တို့အတွက် ဆို သာမန် လူတစ်ယောက်ကို စိတ်ဆိုးစရာ မေးဖြေလို့မရတာတွေရှိတယ်။ အဲဒါတွေဟာ နိုင်ငံတော်မှာ အရင်တုန်းက မရှိခဲ့ဘူး၊ အခု အများကြီးတိုးတက်လာတယ်။ အဲဒီတော့ မရှိခဲ့တာနဲ့ ရှိခဲ့တာကို နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် လုံးဝမရှိခဲ့တဲ့ အခြေအနေမှ ဒီကနေ့ ၁ သို့မဟုတ် ၂ ဖြစ်လာတယ်။ ဒါကြောင့်မို့လို့ ပေတံနဲ့တိုင်းတာမယ်ဆိုလိုရှိရင် ဒီလို့တော့ တိုင်းတာလို့မရဘူး ဒီမိုကရေစီ ပြုပြင ် ပြောင်းလဲရေး ဟာများ စွာ တိုးတက်လာတယ်။ မိမိတို့မျှော်မှန်းသလို မဖြစ်သေးဘူး မိမိတို့ ဆိုတာ မိမိကော၊ ပြည်သူူ့တွေကော ဒီနိုင်ငံမှဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်မယ် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေလုပ်မယ် လူမှုစီးပွားရေးလုပ်ငန်းတွေလုပ်မယ်၊မျှော်မှန်းစေခြင်တယ် အများကြီး မျှော်မှန်းစေချင်တယ်၊ မျှော်မှန်းချက်အတိုင်း မလိုက်နိုင်ဘူး ဘာလို့မလိုက်နိုင်လဲ ဆိုလိုရှိရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော် ၆၀ ကျော်ကတည်းက  မိမိတို့မြန်မာနိုင်ငံမှရှိတဲ့ ပြည်သူ့တွေပြည်သူ့ အုပ်ချုပ်ရေး အပေါ်မှ ဥပဒေပြုတဲ့အဖွဲ့အစည်းတွေလဲပေါ်လာတယ်။ ဒါအများကြီးပြောင်းလဲ သွားတယ်။ အများကြီးပြောင်းလဲသွားတယ်ဆိုသော်လည်း မိမိတို့မျှော်မှန်းသလောက်ကို မရောက် သေးပါဘူး။ ပြန်ကြည့်ပါ တခြားနိုင်ငံတွေဒီမိုကရေစီ၊ ဒီမိုကရေစီဆိုပြီး ပြုပြင် ပြောင်းလဲရေး လုပ်မယ်ဆိုပြီးတော့ ပြည်သူတွေရဲ့ ဒီမို ကရေစီကို အခွင့်အရေးရအောင် ကြိုးစားတယ်။ ဒါပေမယ့် အာဏာချုပ်ကိုင်ထားတဲ့အဖွဲ့တွေက ဒီအုပ်ချုပ်ရေးအာဏာကို မပေးချင်ဘူး။ မပေးချင်တဲ့ အကြောင်းကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ဘယ်လောက် ဒုက္ခတွေရောက်လဲ၊ ပြည်သူတွေ ဘယ်လောက်သိသလဲ။ ပြည်သူတွေတစ်ခြားနိုင်ငံမှာ စတဲ့စတဲ့အများကြီး ကျယ်ပြန့်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ အေးအေးဆေးဆေးလေး ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးလုပ်၊ ဒီနိုင်ငံမှာ ဒီလိုဆိုလို့ရှိရင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဟာ အများကလုပ်ပိုင်ခွင့် မိမိတို့လိုချင်တဲ့ မျှော်မှန်းချက်ကြတော့ မရသေး ဘူး၊ မိမိတို့လိုချင်တဲ့ မျှော်မှန်းချက်တောင် မရသေးတာ မှန်ပေမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အင်မတန်မှ ခက်ခဲတယ်၊ မလွယ်ဘူးဆိုပေမယ့် မိမိတို့ ပြည်သူ့ကိုယ်စားလှယ်တွေကတော့ အဲ့ဒီသဘော ဘယ်လို  ခက်ခဲတယ် ဆိုတာကို ကျော်လွှားပြီးတော့ မိမိတို့ရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီ၊ ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးပြီး၊ မိမိတို့ မြန်မာနိုင်ငံကို သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံအဖြစ် ရောက်ရှိအောင် ကြိုးစား ဆောင်ရွက်ရမယ်။ ဒါဟာ ပြည်သူ့ ကိုယ်စား လှယ်များရဲ့ စိတ်ထဲမှာ ဒီလိုပဲရှိပါတယ်၊ ပြည်သူတွေဆိုတာ သတင်းမီဒီယာများ ဒီလိုပဲ ဆောင်ရွက်ရတယ်၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဟာ အင်မတန်မှ ခက်ခဲတယ်၊ ခက်ခဲတယ် ဆိုပေမယ့်လည်း ဒီမိုကရေစီ ပြောင်းလဲရေး အမှန်တကယ် ဆောင်ရွက်နိုင်ပါမှ မိမိတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မယ် ဆိုတဲ့ အတွေးနဲ့ မှန်ကန်တဲ့ စေတနာနဲ့ ဝိုင်းပြီးတော့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

DVB က ကိုအောင်ကြီး မှမေးမြန်းပါသည်။

ဒုတိယမေးခွန်းကတော့ လွှတ်တော်ကအတည်ပြုလိုက်တဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ အစိုးရ အဖွဲ့ရုံးအနေနဲ့ လိုက်နာမှုတွေအားနည်းတာဟာ အခုဆိုလိုရှိရင် အမျိုးသား ပညာ ရေး ဥပဒေ ကြမ်းနဲ့ ပတ်သက်ပြီး သပိတ်မှောက်တာတွေဖြစ်လာခဲ့ပါတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး တော့ လွှတ်တော် ဥက္ကဋ္ဌကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

လွှတ်တော်ကပြဋ္ဌာန်းပေးလိုက်တဲ့ ဥပဒေကို လိုက်နာဆောင်ရွက်ဖို့ဆိုတာက ဒီဥပဒေ တွေကို ကိုင်တွယ်ကျင့်သုံးတဲ့ အဖွဲ့အစည်းများတာဝန်ရှိသလို လိုက်နာရမည့် ပြည်သူတွေလဲ တာဝန်ရှိတယ်။ အဲဒီလိုဥပဒေပြဋ္ဌာန်းပြီး မလိုက်နာဘူး၊ မကျင့်သုံးဘူးဆိုရင် Rule of Law ဆိုတဲ့ တရားဥပဒေ စိုးမိုးရေးဟာ မဖြစ်နိုင်ဘူး။ တရားဥပဒေစိုးမိုး‌ရေး သိအောင်လုပ်ဖို့ဆိုလို့ရှိရင် အကုန်လုံးမှာ တာ ဝန်ရှိ တယ်၊၊ အကုန်တာဝန်ရှိတဲ့အတွက် အကုန်လုံးပါဝင်ပြီး ဆောင်ရွက် ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီကော်မတီ အဂတိ လိုက်စားတဲ့ကော်မတီ ကော်မရှင်ကို ဖွဲ့စည်းပြီး တာဝန်ပေးလိုက်တယ်၊ သူတို့ဆောင်ရွက်မှု တွေ ဘယ်လိုရှိတယ်ဆိုတာ စောင့်ကြည်‌့ နေတဲ့အခါမှာ အဲ့ဒါနဲ့ပတ်သက်ပြီး ဒီကော်မရှင်က ဆောင်ရွက်မှုတွေဟာ သူတို့လုပ်ရမည့် လုပ်ငန်းတာဝန်တွေညီဖို့ မကျေပွန် ဘူးဆို ရင်တော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက တိုင်ကြားလို့ရတယ်၊၊ တင်ပြလို့ရတယ်။ အဲ့ဒီလို တင်ပြလို့ရတဲ့ဟာတွေကို သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ဆက်လက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ ခုနက သာမန်စွပ်စွဲပြီး ပြောဆို လို့ကတော့မရပါဘူး၊ ဘယ်ကိစ္စမဆို တေ့ဆိုင်ပြီး ကိစ္စတစ်ခုချင်း၊ တစ်ခုချင်းပေါ်မှာ  မူတည်ပြီး တော့ ပျက်ကွက်မှုရှိရင် ဖောက်ဖျက်မှုရှိရင် သေသေချာချာ တရားဝင် တိုင်တန်း မယ်ဆိုရင် တိုင်တန်းလို့ ရတဲ့အခွင့်အရေးတွေရှိတယ်၊၊ ဒီအခွင့် အရေးတွေကို မှန်မှန်ကန်ကန် အသုံးချဖို့လဲ လိုပါတယ်၊၊

ဦးသွင်ထူးအောင် (Sky Net) မှ မေးမြန်းပါသည်။

အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ လွှတ်တော်နဲ့ ပညာရေး ဝန်ကြီးဌာနနဲ့ လည်း ဆွေးနွေးသွားတယ်လို့သိရပါတယ်၊ အဲဒီတော့ ပြင်ဆင်တဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းဟာ လွှတ်တော်ထဲကို ဘယ်တော့လောက်များရောက်လာမလဲ။ နောက်တစ်ခုက ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကြီးကလဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေး တင်ပြချက်ကို တောင်းခံလာတာရှိပါတယ် ဒါကို ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုများဆွေးနွေးသွားမလဲ ဒီခြောက်ပွင့်ဆိုင် စ ဆွေးနွေးမှုမှာကော ဘယ် အကြောင်းအရာက နေပြီးတော့ စပြီး ဆွေးနွေးမလဲဆိုတာ သိချင်ပါတယ်၊၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

အမျိုးသားပညာရေးဥပဒေကြမ်း လွှတ်တော်ကို တင်သွင်းဖို့ကိစ္စလာမည့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ သူတို့အခေါ် လေးပွင့်ဆိုင်ဆွေးနွေးပွဲရဲ့နောက်ပိုင်း မကြာခင်မှာ တင်သွင်း နိုင်မယ်လို့ ယူဆပါတယ်၊ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ လုပ်သလို လုပ်မှာလား၊ ဒါနဲ့ပတ်သက်လို့ မိမိမှာ ဒီလိုလုပ်ဖို့ စဉ်းစားထား တာမရှိပါဘူး၊ ဒါကြောင့်မို့လို့ ဆွေးနွေးရမည့် အကြောင်းအရာတွေအားလုံး ခေါင်းထဲ ရောက်နေပါပြီ၊ လွှတ်တော်ကာလ အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ဆွေးနွေးထားတဲ့ အကြောင်းအရာတွေ ဒါအပြင် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် ဥက္ကဋ္ဌကြီး ဘာတွေပြောမှာလဲ ဆိုတာကတော့ ဒီနေရာမှာ ပြောကြားလို့ မဖြစ်သေးတဲ့အတွက် မပြောပါရစေနဲ့။

ဦးတွေးထက်(သတင်းထောက်) မှမေးမြန်းပါသည်။

ပြီးခဲ့တဲ့ (၁၁)ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံ့ဝန်ထမ်း တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနဲ့ လျော်ညီတဲ့လစာရရှိရေးအတွက် အဆိုတစ်ခု တင်သွင်းခဲ့ပါတယ်၊ နိုင်ငံဝန်ထမ်းတွေကလဲ ဘတ်ဂျက်ဥပဒေကြမ်း ဆွေးနွေး နေတဲ့ ကာလဖြစ် တဲ့အတွက် အဲဒါနဲ့ပတ်သက်ပြီး အများကြီး မျှော်လင့်စောင့်စားပြီး တော့ လွှတ်တော်ကို စိတ်ဝင် တစား စောင့်ကြည့်နေ ပါတယ်၊ အဲဒီတော့ ယခင်နှစ်ကလိုပဲ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်မှုမှာ နှစ်သောင်း၊ သုံးသောင်း ပုံမှန် လောက်ပဲ ဖြစ်မလား သို့မဟုတ် ‌ခေတ် ကာလနဲ့လျော်ညီတဲ့ ထိုက်တန်တဲ့ နှုန်းတစ်ခုများ ဖြစ်မလား ဆိုတာ စောင့်ကြည့်နေတဲ့အတွက် တစ်ကယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ဒီကုန် ဈေးနှုန်းကြီးမြင့်မှုကို စိုးရိမ်ပြီးတော့ သာမန်မျှတိုးမြှင့်မယ်ဆိုရင် လွှတ်တော်အပိုင်းက ဘယ်လိုဆက်လက်ပြီးတော့ တိုက်တွန်း ဆောင်ရွက်သွားဖို့ရှိပါသလဲ သိချင် ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဘတ်ဂျက်တင်တယ်ဆိုတဲ့နေရာမှာ အရအသုံးမှာတင်လို့ရှိရင် သာမန်အသုံးစရိတ်၊ ငွေလုံး ငွေရင်းအသုံးစရိတ်ရှိပါတယ်။ သာမာန်အသုံးစရိတ်ထဲမှာ ဘာတွေပါလဲဆိုတော့ လစာ ကိစ္စနဲ့ ဒီနေ့ ပြည်ထောင်စုဘတ်ဂျက်တင်နိုင်ဖို့နဲ့ အဲဒီအချိန်မှာ သာမန်အသုံး စရိတ်ထဲမှာ လစာပါဝင်မှာ ဖြစ်ပါတယ်၊၊ ဒီလိုစိစစ်ပြီးတဲ့အခါမှာ လိုအပ်ချက်ပေါ် မူ တည်ပြီးတော့ ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဒီလိုပဲသုံးသပ်‌ဖြေဆိုလိုပါတယ်။

ဦးခိုင်ထူး(ပြည်ထောင်စုနေ့စဉ် သတင်းစာ) မှမေးမြန်းပါသည်။

လွှတ်တော်သက်တမ်းတစ်လျှောက်မှာ ပြန်ကြည့်တဲ့အခါ မေးခွန်းမေးမြန်းတဲ့နောက် အဆိုတင်တဲ့အချက်တွေကို လွှတ်တော်ကတိကဝတ်ကော်မတီမှာ အစိုးရဘက်ဝန်ကြီး ဌာနတွေက ကတိကဝတ်တွေနဲ့ပတ်သက်ပြီးတော့ ကတိကဝတ်ပြုထားတာ ရှိပါတယ်။ အခု လွှတ်တော် အစမှာပဲ ယခင်လွှတ်တော်အချိန်က မေးတဲ့မေးခွန်းကို ပြန်မေးရတဲ့ ကိုယ်စားလှယ် ရှိပါသလား။ အစိုးရ ဘက် ကနေပြီးတော့ ကတိကဝတ်ပြုထားတဲ့ဟာ လွှတ်တော်ရဲ့ နောက်ဆုံး နှစ်ကုန်လည်းရောက်နေပြီ၊ အခုလည်းကတိကဝတ်ပြုထားတဲ့ ကိစ္စတွေ အကောင်အထည် မဖော်သေးဟုဆိုတဲ့ အသံတွေထွက် လာပါတယ်၊၊ ဒါကြောင့်မို့ ဒီအပေါ်မှာ နာယကကြီး အနေနဲ့ ဘာများသုံးသပ်ပြောကြားစရာရှိပါသလဲ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ကတိကဝတ်နဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရဘက်ကလည်း လွှတ်တော်ကို ပေးထားတဲ့ ကတိကဝတ်တွေကို နောက်ဆုံးနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းမှာ ဖြစ်လာအောင်လုပ်ပေးဖို့ အစိုးရအဖွဲ့အကြီးအကဲကိုယ်တိုင် ဒီလိုပဲသက်ဆိုင်ရာ ဝန်ကြီး ဌာနတွေနဲ့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် အခုကျန်တဲ့ကာလအတွင်းမှာ လွှတ်တော်မှာ ပေးထားတဲ့ ကတိကဝတ်တွေကို တော်တော် များများ စောင့်ထိန်းနိုင်မယ်လို့ ယုူဆပါတယ်။

ဦးစိုးသန်းလင်း (မဇ္ဈိမသတင်းစာ) မှမေးမြန်းပါသည်။

အပြင်မှာ မရှင်းလင်းဘဲပြောနေတာတွေကတော့ နာယကကြီးအနေနဲ့ ပြီးခဲ့တဲ့ လွှတ်တော် နားတဲ့ ကာလတွေမှာ ပြည်သူတွေနဲ့ကြားထဲ ထိတွေ့တဲ့ပွဲလေးတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒါကို တစ်ချို့က ဘယ်လိုသုံးသပ်ကြသလဲဆိုတော့ ပွဲစီစဉ်တဲ့အဖွဲ့ကလည်း ပြည်ခိုင်ဖြိုးပါတီက စီစဉ်ပြီး တော့ အစိုးရအဖွဲ့က အစအဆုံးနီးပါးပံ့ပိုးတာတွေ၊ ဒေသတွေက ပံ့ပိုးတာတွေ တွေ့ရပါတယ်။ နာယကကြီး ကိုယ်တိုင်ကလည်း ပြည်သူတွေကိုပြောပြတဲ့အခါမှာ ကျွန်တော်တို့ ပါတီဆိုတဲ့ အသုံး အနှုန်းတွေ လုပ်ခဲ့တာလည်းရှိခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာ တွေမှာကြတော့ ပြည်ထောင်စု လွှတ်တော် နာယကကြီးနှင့် တွေ့ဆုံခြင်းလို့ပဲ သုံးထားပါတယ်။ အဲ့ဒီအခါကြတော့ တြစ်ခားသော နိုင်ငံရေးပါတီများက သူတို့ဆင်းပြီး တွေ့တဲ့အခါမှာ ဒီလိုပံ့ပိုးကြမှာလား၊ ဘယ်လိုဖြစ်မှာ လဲဆိုပြီးတော့ သုံးသပ်ကြတယ်။ အဲ့ဒါတွေကို အားလုံးရှင်းသွားအောင်လို့ ပြောပြပေးစေ ချင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ရက်ပိုင်းအတွင်းမှာ တိုင်းကြီး(၇)တိုင်းကို သွား ရောက်ပြီး တော့ ခုနက မေးသလိုဘဲ ပြည်ထောင်စုလွှတ်တော် နာယကအနေနဲ့ တစ်ဖက်ကလည်း အလိုအလျောက်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အနေနဲ့ ဒီလိုတွေ့ဆုံတာ ဖြစ်ပါတယ်။ အဲလိုတွေ့ဆုံတဲ့အခါမှာ သူတို့ ဆွေးနွေးချက် တင်ပြချက်တွေ မေးခွန်းတွေ မေးမယ်ဆိုရင်  လွှတ်တော် အတွင်းမှာလုပ်တဲ့ပုံစံတွေ အများကြီး ပြန်မြင်ရပါတယ်။ တစ်ချို့ ဒီမေးခွန်းမေးတဲ့ ကိုယ်စားလှယ်တွေရှိတယ်။ တစ်ချို့တစ်ချို့ အဆိုတင်တာတွေရှိတယ်။ အဲဒါတွေ က နောက်ဆုံ ကျတဲ့အခါကျတော့ လွှတ်တော်ထဲရောက်လာတဲ့ ကိစ္စတွေဖြစ်တယ်။ အဲဒီအတွက် ပြည်ထောင်စု လွှတ်တော် နာယကအနေနဲ့ဆိုရင် ပြောကြားစရာရှိတယ်။ ဥပမာအားဖြင့် အဲဒီ ဆွေးနွေးပွဲမှာ အဆိုလို့ပြောတာ ဂုဏ်ယူ ပါတယ်။ နံပါတ်တစ်က ဘာလဲဆိုရင် တောင်သူ လယ် သမားများရဲ့ လူမှုစီးပွားရေးဘဝနဲ့ တောင်သူလယ်သမားများ၏ လုပ်ငန်းများ အဆင်ပြေစေ ဖို့ဆိုတာပါ။ နောက်တစ်ခုကကျတော့လယ်ယာလုပ်ငန်းများ ပြဿနာရှိတယ်။ ဒါကိုဖြေရှင်းပေး ဖို့ဆိုတဲ့ အဆို ဖြစ်ပါတယ်၊ နောက်တစ်ခုကျတော့ ယနေ့နိုင်ငံမှာ အေးငြိမ်းလိုတယ်။ တည်ငြိမ် အေးချမ်းဖို့အတွက် သက်ဆိုင်ရာတောင်သူ လယ်သမားများ အဖွဲ့အစည်းများက နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့အတွက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့အတွက် ပါဝင် ဆောင်ရွက်ပေးပြီးတော့ ပံ့ပိုးပေးဖို့ဆိုတဲ့ အဆိုပါ။ အဆိုလို့ပြောလိုက်တဲ့ အတွက် ဒီအဆိုတွေကို ဘယ်သူက ဖြေရှင်းဆောင်ရွက် ပေးရမှာလဲဆိုရင် လွှတ်တော်နှင့် လွှတ်တော်ဆိုင်ရာ အဖွဲ့ အစည်းများက ဆောင်ရွက်ပေးဖို့ အတွက် ပြည်ထောင်စုလွှတ်တော်နာယကအနေနဲ့ ဒါမျိုးတွေ ဖြေရှင်းပေးရတာရှိတယ်။ အဲဒီအတိုင်းဘဲ တစ်ချို့ တစ်ချို့ ပြောတာရှိပါတယ် ။ပြောတာ ဘာလဲ ဆိုရင် သူတို့ဆီမှာ  မြေယာပြဿနာနဲ့ ပတ်သက်လို့ ဒီလိုအခြေအနေတွေရှိတယ်။ အဲဒါတင်ပြ ထားတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဖြေရှင်းမပေးဘူး။ အဲဒီတော့ ပြောလိုက်တယ်။ ဟုတ်ပြီ။ ဒီလွှတ်တော်တိုင်တန်းတာလား။ အစိုးရတိုင်တန်းတာလား။ မိမိတို့လွှတ်တော်နဲ့ မိမိတို့ အစိုးရက မဆောင်ရွက်နိုင်ဘူးဆိုရင် မိမိတို့ တာဝန်မကျေရာရောက်မယ်။ ဒါကြောင့်မို့လို ဖြစ်နိုင် အောင် လုပ်ကြ။ လုပ်တဲ့အခါမှာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်မှာ ရှိတဲ့ အစိုးရအဖွဲ့အစည်း၊ မြေယာစီမံခန့်ခွဲရေး ကော်မတီတို့က မဖြစ်မနေဆောင်ရွက်ပေးပါ။  ဒီလို လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ရော ပြီးတဲ့အခါမှာ ပါတီမှာ တာဝန်ရှိသူ တစ်ယောက် အနေနဲ့ရော။ ပါတီမှာ တာဝန်ရှိသူတစ်ယောက်က ဒီနေ့ပြန်ကြည့်မယ်ဆိုလို့ရှိရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲ့ ပါတီ ဥက္ကဋ္ဌများသည် ဒီနေ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဝန်ကြီးချုပ်များသည် အစိုးရအဖွဲ့ အစည်းရဲ့ ခေါင်းဆောင်များဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကိုယ်၌က တစ်ဖက်က တိုက်တွန်းတဲ့အခါမှာ လွှတ်တော်အနေနဲ့ တိုက်တွန်းတာနဲ့ ပါတီအနေနဲ့ တိုက်တွန်းပြီးလည်း ဆောင်ရွက်တယ်။ သူက ပါတီ ဥက္ကဋ္ဌလေ၊ ပါတီဥက္ကဋ္ဌဖြစ်တဲ့အတွက်လည်း အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်တာ။ ဒါကြောင့် မို့လို့ ဒီလိုတိုက်တွန်းတာ။ ခုနက တစ်ချို့တစ်ချို့ မေးတာတွေ လည်းရှိရင်ရှိမယ်၊ တစ်ချို့ ပါတီတွေ လည်း မေးတာရှိမယ်။  သူတို့ပါတီသွားရင်ရော လုပ်ပေးမှာ လားဆိုတာက အခြေအနေနဲ့ အချိန်အခါမှာ မူတည်တယ်။ သူတို့က ဘာလုပ်မှာလည်း၊ ပြီးတဲ့အခါမှာ တိုင်းဒေသကြီးမှာရှိတဲ့ အစိုးရရော ဘာလုပ်ပေးမှာလည်း။ ဒီအပေါ်မှာ မူတည် ပါတယ်။ ဒါကြောင့် မို့လို့ ဒီဟာသည်မိမိတို့ဘက်က စေတနာအမှန် ရည်ရွယ်ချက်အမှန်နဲ့ တောင်သူ လယ်သမား များ၏ လူနေမှုဘဝ မြင့်မားလာ စေဖို့အတွက် လယ်ယာပြဿနာများကို ဖြေရှင်းပေးဖို့ သွားခြင်းဘဲဖြစ်ပါတယ်။   ဒါကြောင့်မို့လို့ ဘယ်သူတွေက ဘာတွေဘဲ ဖြစ်ပါ စေ။ မိမိတို့ကတော့ ဥပဒေနဲ့ညီညွတ်တယ်။ ဒီလိုဘဲ ယူဆပါတယ်။ သို့သော်လည်း တိုင်းဒေသကြီး ဘက်က တစ်ချို့ကိစ္စတွေမှာ ကြားပါတယ်။ ဘာတွေလဲဆိုရင် ပြခန်းတွေ။ ပြခန်းတွေက ဘယ်က ပြခန်းတွေလဲ။ အစိုးရအဖွဲ့အစည်းတွေက ပြခန်းတွေ။  လာလုပ်ဖို့။ လာလုပ်ပေး တယ်ဆိုတော့ ပါတီအစည်းအဝေးမှာ ဒီလိုပြခန်းတွေ လာလုပ်ပေးတာလား၊ ဥပဒေနဲ့ ညီလား မညီလား။ ဒီလိုပြောကြတာ ဟုတ်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက   ဒီကိစ္စတွေမှာ သူတို့က ပြန်ပြောတာက ဒီမှာ ပြခန်းရှိ တယ်ဆိုတာက ဒီပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီနဲ့ချည်းမဟုတ်ဘူး။  ဒေသခံ တွေရဲ့ ပြည်သူများ တောင်သူ လယ် သမားများ လာပြီးတော့ လေ့လာနိုင်တယ်။ ပြီးတော့ ဒီကုန်ကျစရိတ်တွေ ရှိတယ်ဆိုရင် လည်းဘဲ  အဲဒီတိုင်းဒေသကြီး/ပြည်နယ်ရဲ့ အစိုးရ အဖွဲ့တွေကလည်း ပြန်ပြီးပေးချေမယ်ဆိုတော့ လာတယ်။ တစ်ချို့ တိုင်းဒေသကြီး တွေကလည်းဘဲ အဲဒီလိုလူထုစီးပွားရေးလုပ်မယ်ဆိုတဲ့ အခါမှာ အဲဒီက လုပ်ငန်းရှင်တွေကို ပြီးတဲ့အခါမှာ  ပိုးသတ်ဆေးရောင်းတဲ့အဖွဲတို့ ကုမ္ပဏီတို့၊  လယ်ထွန်စက်တို့၊ ဓာတ်မြေသြဇာရောင်းတဲ့ စတဲ့ လယ်ယာပစ္စည်းရောင်းတဲ့ကုမ္ပဏီတွေက လာပြီး ရောင်းကြတယ်။ အဲတော့ ပြန်ကြားတာက အဲဒီအဖွဲ့အစည်းတွေက ဒီမှာ ဈေးကွက်ရတယ်။ ကြော်ငြာတယ်။ ကြော်ငြာလို့ ရတဲ့အတွက် အဲဒီကုန်ကျစရိတ်တွေကို သူတို့ကပြန်ပြီး ချီးမြှင့်သွား တယ်လို့ ဒီလို လည်းကြားတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်မိမိတို့ မိမိတို့ပါတီဘဲ ပြောပြော၊ မိမိတို့ လွှတ်တော်နဲ့ဘဲ ပြောပြော ဒီနှစ် ၇၀ % သော တောင်သူလယ်သမားတွေ အတွက် ဆင်းရဲဒုက္ခများကို မရှိဘဲနဲ့  ကိုယ်တွေကနေပြီးတော့ သူတို့ရဲ့ လူနေမှုဘဝမြှင့်တင်ရေး အတွက် လယ်ယာပြဿနာ ဖြေရှင်း ဖို့က အခုလိုသွားခဲ့တဲ့ခရီး၊ ပင်ပန်းခံခဲ့တဲ့ ခရီးတွေက အများကြီး အကျိုးကျေးဇူး တွေရှိပါတယ်။ ဒါကြောင့်မို့လို့အဲဒီမှာ တက်လာတဲ့ သူတွေကြည့် အင်တိုက်အားတိုက်နဲ့ တက်လာတယ်။  တစ်ချို့ နေရာတွေမှာ နေရာထိုင်ခင်းမရှိဘူး။ ပြည့်လျှံသွားတယ်။  တစ်ချို့က သေချာမသိလို့ အဲဒီမှာ တခြားပါတီက လူတွေလည်း ပါတယ်။  သာမန်ပါတီ မဟုတ်တဲ့လူလည်းပါပါတယ်။ ဒါပေမယ့်လို့  တစ်ခြားပါတီ တစ်ခြား အဖွဲ့အစည်းများကို ဖိတ်မယ်ဆို လို့ရှိရင် စည်းရုံးရေးလုပ်နေတဲ့ဆိုတဲ့ ပုံစံမျိုးပျက်သွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ပါတီနဲ့ ကိုယ်ဘဲ ဖွဲ့ပြီးတဲ့ အခါမှာ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာအခန်းကဏ္ဍတွေ၊ သူများပါတီ သူများတွေသွားခေါ်မယ်ဆို လို့ရှိရင်ခုနက စည်းရုံးရေးလုပ်တယ်ဆိုပြီးဖြစ်လိမ့်မယ်။ ခုကကျတော့ ကိုယ့်ပါတီနဲ့ကိုယ်ဆိုတော့ ဘာမှ စည်းရုံးရေးလုပ်စရာမလိုတော့ဘူး။ အဲလိုဖိတ်တဲ့နေရာမှာ သူပါသူ တက်လာ ရင်လည်း တက်လာ။ အများကြီးဘဲတက်လာတာတွေ့တယ်။ ဒါကြောင့်ဒီလိုမေးခွန်းမေးတာ ကျေးဇူး တင်ပါတယ်။ ခုနက မေးတဲ့မေးခွန်းတွေထက်စာရင် အဲဒီပါတီတွေက လာပြီးတာ့ မေးစေချင်ပါတယ်။  ဆိုကြဘာစို့ ဘယ်ပါတီ ဒါ့နဲပတ်သက်ပြီးတော့ နာယကကြီးတို့လုပ်တာ မတရားပါဘူး။ဥပဒေနဲ့ မညီညွတ်ပါဘူး။ လာခဲ့ပါ။ ဖြေရှင်းပါမယ်။ ဒါမှမဟုတ် သက်ဆိုင်ရာ ကို သွားပြီးတော့ တိုင်တန်းပါ။

ဦးစိုးသန်းလင်း (မဇ္ဈိမ)

ဒီလိုပါခင်ဗျာ တစ်ချို့ပါတီတွေက ဒါဟာ ၂၀၁၅အတွက် ကြိုတင်ပြင်ဆင်မဲဆွဲနေတယ်လို့ ကောက်ချက် ချတာတွေရှိပါတယ်။ 

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

၂၀၁၅ အတွက်မဲဆွယ်တာ ခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ဆွယ်တာ။ လွှတ်တော် ဖွဲ့စည်းကတည်းက ဆွယ်တာ။ မဲဆွယ်တာမဟုတ်ဘူး။ ရွေးနိုင်အောင် အရွေးခံတာ။ လူကို ရွေးတာ မဟုတ်ဘူး ပါတီကိုရွေးတာ၊ ဒီနေ့ပြိုင်ပွဲက လူနဲ့လည်း ပြိုင်မယ်။ ပါတီနဲ့လည်း ပြိုင်မယ်။ အဲဒီခုနက ရွေးကောက်ပွဲရွေးမှ ကျုပ်ကိုတော့ ရွေးပါ၊ ကျုပ်ကတော့ ဘာလုပ်ပေးမယ်ဆိုတာ ပြောမယ်ဆိုရင် မဲဆွယ် တယ်ဆိုတာက ပြည်သူ့ ထောက်ခံမှု ရအောင်ယူတာ။ လွှတ်တော်တွေ စဖွဲ့စည်းကတည်းက ဒီနေ့လုပ်ဆောင်တဲ့ ဟာမျိုးမှာ ပြောမယ်ဆိုရင် လူထုယုံကြည်မှု လူထု ထောက်ခံမှု ရအောင် သက်သက်မဲ့ ကျုပ်ကို မဲပေးပါဆိုတဲ့ အဲဒီလိုစွပ်စွဲတဲ့ပါတီမျိုးရှိတယ်ဆို လာခဲ့ ပါ။ မေးပါ။ သို့မဟုတ် သက်ဆိုင်ရာကို တိုင်တန်းပါ။

ဦးစိုးသန်းလင်း (မဇ္ဈိမ)

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

 

 ဦးအောင်ထွဋ် (The Voice )

နာယကကြီး ခုနက မရှင်းတာရှိလို့ပါ။ ကျွန်တော်တို့ပြီးခဲ့တဲ့ USDP ဗဟိုကော်မတီ  အစည်းအဝေး အပြီးမှာ ဒုဥက္ကဋ္ဌကြီး သတင်းစာရှင်းလင်းပွဲလုပ်သေးတယ်။ အဲဒီတုန်း က ဒုဥက္ကဋ္ဌကြီး ဦးဌေးဦး ပြောထားတာက လာမည့်ရွေးကောက်ပွဲမှာ USDP ရဲ့ ဥက္ကဋ္ဌနေရာကို ပြန်ပြီးတော့ ရွေးချယ်ဖို့ ဗဟိုကော်မတီတွေ၊ စိစစ်ရေးတွေလုပ်ပြီးကာမှ ပြန်ပြီးရွေးချယ်မယ် ပြောတယ်။ နာယက ကြီး ပြောထား တာက ခုနတုန်းက  USDP ရဲ့ ဥက္ကဋ္ဌနေရာမှာ သမ္မတကြီးဦးသိန်းစိန်က ဥက္ကဋ္ဌပြောပြီး ကျွန်တော် အဲဒါကိုသေချာမရှင်းတဲ့အတွက် ပြန်လည်ရှင်းလင်းပေးဖို့ မေးမြန်းပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ရှင်းပါတယ်။ သမ္မတကြီးဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ အမှန်ဘဲ။ ဒါပေမယ့် သမ္မတဖြစ်သွားပြီးနောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄၊ ၆၂ အရ၊ အပိုဒ် (၆၂)ကတော့ သူက လွှတ်တော်ကိုယ်စားလှယ်မလုပ်ရဘူး။ ပြီးတဲ့အခါမှာ ၆၄ အရ ဒီရာထူးသက်တမ်း အရ ပါတီကိစ္စများမလုပ်ရဘူး။ ဒုဥက္ကဋ္ဌတာဝန်ဖြစ်တဲ့ မိမိက ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းနှင့်အညီ အဲဒီအတွက် ဥက္ကဋ္ဌ တာဝန်ယူ ပြီးတော့ ပါတီ ဥက္ကဋ္ဌ တာဝန်ယူပြီးတော့ ပါတီကို ဦးဆောင်ရပါတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲ ဆိုတဲ့ နေရာမှာ ရွေးကောက်ပွဲနဲ့ မဆိုင်ပါဘူး။ ရွေးကောက်ပွဲမှာ ခုနက ဥက္ကဋ္ဌတင်မြှောက်ပြီးတော့   ဒါမျိုးပုံစံဘဲ ဒါရွေးကောက်ပွဲနဲ့ မဆိုင်ပါဘူး။ ဒီအပိုင်းတွေသည် ခုနက နောင်တစ်ချိန် ဘယ်သူ့ကို ဒုတိယ သမ္မတ သမ္မတဖြစ်ဖို့ကိစ္စ လွှတ်တော် ကိုယ်စားလှယ်နဲ့ လွှတ်တော်များအပိုင်းဖြစ်ပါတယ်။

ဦးအောင်ထွဋ် (The Voice )

 ဒါဆိုတော့ လာမည့်ရွေးကောက်ပွဲ မတိုင်မီလေးမှပေါ့ ကျွန်တော်တို့ ဒီအစိုးရသက်တမ်း နှစ်ခု ကြားကာလ လေးမှာဆိုလို့ရှိရင် USDP မှာ ဥက္ကဋ္ဌလည်း သမ္မတကြီး ဦးသိန်းစိန်ကိုဘဲ ပြန်လည် တင်သွင်းမှာဆိုတဲ့ သဘောလားခင်ဗျ။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ရှင်းပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲကာလမှာ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော် သမ္မတ တာဝန်ယူထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပေဒေအရ အတိုင်းဘဲ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ကျော်လွန်လို့မရပါဘူး။

ဦးမင်းသူ (Street View)

မရှင်းတဲ့ မေးခွန်းလေးတစ်ခုလောက် မေးခွင့် ပြုပါခင်ဗျ။ အရင်တုန်းကလည်း ဝေဖန်ခဲ့ တာတွေ ရှိတော့ လွှတ်တော်က တိုက်တွန်းတဲ့ မေးခွန်းတွေ အဆိုတွေအပေါ်မှာ အစိုးရအဖွဲ့ အနေနဲ့ လိုက်ပြီးဆောင်ရွက်တာက အားနည်းတယ်ဆိုပြီးတော့ ဝေဖန်ကြတာရှိပါတယ်။ လွှတ်တော်က တိုက်တွန်းပေမယ့်လည်း အစိုးရအဖွဲ့က မရွေ့ဘူးဆိုပြီးတော့ ဝေဖန်ချက် တွေရှိပါတယ်။ အခုဒီ(၆)ပွင့်ဆိုင် အဆို တက်လာတဲ့အခါမှာလည်း ဒီ (၁၂)ပွင့်ဆိုင် အဆိုဆိုပြီးတော့ ဖြစ်လာတာတွေ၊ လမ်းလွှဲတာဆိုပြီးတော့ ဖြစ်လာတာတွေရှိတာပေါ့နော်။ ခုလက်ရှိ (၆)ပွင့်ဆိုင် အဆိုကိုလည်း သဝဏ်လွှာမှာ မျိုးစုံပြန်ပြီးတော့ ခွဲခြမ်းပြီးတော့ အများစုပါဝင်အောင်ဆိုပြီး ရေးသားထားတာတွေ တွေ့ရပါတယ်။ ဒီ (၆)ပွင့်ဆိုင်အဆိုကို ဒီလိုဘဲ ဆက်ပြီးတော့ ရှောင်လွှဲနေမယ်ဆိုလို့ရှိရင် လွှတ်တော်အနေနဲ့ ဘယ်လိုမျိုး ထပ်ပြီး တိုက်တွန်း တာမျိုး ရှိနိုင်မလား။ ဒါမှမဟုတ် ဒီလိုရှောင်လွှဲခြင်းရဲ့ အကျိုး သက်ရောက်မှုဘာများရှိနိုင်မလဲ။ ဒါလေးတစ်ချက်လောက်နောက်ဆုံးသိချင်ပါတယ်ခင်ဗျာ။ 

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

အဲဒီတော့ (၆)ပွင့်ဆိုင်လို့ ပြောလိုက်တဲ့ သဝဏ်လွှာကို ကိုမင်းသူက ဖတ်ပြီးပြီလား။

ဦးမင်းသူ (Street View)

ဖတ်ပြီးပါပြီ။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

 အဲဒီအတိုင်းဘဲ ပြည်ထောင်စုလွှတ်တော်က အရင်ဦးခင်အောင်မြင့် ပြောသလိုဘဲ မြန်မာနိုင်ငံက အမြင့်ဆုံးသော ဥပဒေပြုရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့  ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေ သို့မဟုတ် အဆိုတွေဟာ အခြားခြားသောလွှတ်တော်၊ အခြားအခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အကုန်လုံးပေါ့။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥ ပဒေတွေ သို့မဟုတ် အဆိုတွေကို ဘယ်သူကမှ သွားပြီးတော့ ဟန့်တားလို့မရဘူး။ ချေဖျက် လို့မရဘူး။ ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆိုက အတည်ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုအတည်ဖြစ်တဲ့အတွက် အဲဒီအဆိုထဲမှာပါတဲ့ အတည်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် အဲဒီအဆို အတိုင်းဘဲ ဆောင်ရွက်ရပါတယ်။ မိမိ မဆောင် ရွက်ဘူး ဆိုရင် ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုကို မလိုက်နာတဲ့အတွက် မိမိသည် တစ်ခုခုသော ဥပဒေကို ချိုးဖောက်ရာကျတယ်။ ဘေးကဘာတွေ ပြောတာမပြောတာ သူတို့ အပိုင်း။ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဆိုတာ ကျန်တဲ့ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်တွေက  ပြဋ္ဌာန်းတဲ့ ဥပဒေတွေကို လွှမ်းမိုးတယ်။ 

ဦးမင်းသူ (Street View)

ကျေးဇူးတင်ပါတယ်။

ဦးအောင်ကြီး (DVB)

နောက်ဆုံးမေးခွန်းပါ။ သူရဦးအေးမြင့်က ဖြေပေးပါခင်ဗျာ။ အခုဒီသက်တမ်းမကုန်မီမှာ ရုပ်သံမီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်မှုရှိပါသလဲ။ နံပါတ်တစ်ချက် မေးချင်တာ။ နံပါတ်နှစ်ကတော့  အခုသတင်းစာ စာနယ်ဇင်းတွေက ခုဆိုရင် အရှုံးတွေ ပေါ်ပြီးတော့ ရပ်သင့်သလောက် ရပ်နေရပြီပေါ့နော်။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ ပုဂ္ဂလိက သတင်းစာတွေအနေနဲ့ ဂျာနယ်တွေကို အစိုးရ အနေနဲ့ ဒီလိုင်စင်ပေါ့ စက္ကူတင်သွင်းခွင့် လိုင်စင် ပေးဖို့ကိစ္စရော လွှတ်တော်မှာ တင်သွင်းဖို့အစီအစဉ်ရှိမရှိ အဲဒါလေး သူရဦးအေးမြင့်အနေနဲ့ ဖြေကြား ပေးပါခင်ဗျာ။

သူရဦအေးမြင့်

ပထမကတော့ ရုပ်သံဥပဒေပါနော်။ အဲဒါလေးကျွန်တော်တို့ လွှတ်တော်မှာ ရောက်ရှိလာတဲ့အခါမှာ ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ ဆက်လက်ပြီးဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါလည်း အခုလွှတ်တော်ကာလအတွင်းဖြစ်တဲ့အတွက်မှန်ပါတယ်။ ရုပ်သံမီဒီယာကိစ္စ။ နောက်တစ်ခုက တော့ ပုဂ္ဂလိက သတင်းစာတွေနဲ့ပတ်သက်လို့  နိုင်ငံတော်အစိုးရအနေနဲ့  Private မူပေးဖို့ဆိုတာ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ သတင်းမီဒီယာဥပဒေနဲ့ ခုဆွဲမယ့် Public Service Media (အများပြည်သူ ဝန်ဆောင်မှု ဥပဒေ)အနေနဲ့ တင်ထားတာရှိပါတယ်။ အဲဒါလည်း အမျိုးသား လွှတ်တော်ကနေ စိစစ်ပြီးတော့ ကျွန်တော်တို့ပြည်သူ့လွှတ်တော်ဆီရောက်နေပါပြီ။ အဲဒီ အခါကျရင် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ကော်မတီက လည်း အများစုပါဝင် ပတ်သက်ဆွေးနွေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကူညီ ဆောင်ရွက်မယ့် အခန်းကဏ္ဍတွေ ပါသလို အဲဒီဥပဒေက ပေါ်ထွက်လာမယ့် အတည်ပြုဖြစ် သွားမည့် အဆိုတွေဟာ အကောင်အထည် ပေါ်လာမှာဖြစ်ပါတယ်လို့ ကျွန်တော် ဖြေကြားလိုပါတယ်။

ဦးအောင်ကြီး (DVB)

ကျေးဇူးတင်ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်

ရုပ်သံ

Standard (Image)