ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျပန်- မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဟိဒဲအိုဝါတာနာဘေးနှင့် အမှုဆောင်ဘုတ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ယိုရှိတို ဆန်းဂိုးကုတို့အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် ညနေ (၄) နာရီ (၁၀) မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်
Standard (Image)
