ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ အကြီးတန်းတာဝန်ခံ Ms. Charlotte Oldham-Moore ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံလွှတ်တော်များ ဆက်ဆံရေး ပိုမို တိုးမြှင့်ရေး ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန် လေ့လာရေး ခရီးစဉ်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီ အဖွ့ဲဝင် ဒေါ်ပြုံးကေသီနိုင်၊ ဦးမျိုးဇော်အောင်၊ ဦးနိုင်ထူးအောင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel လည်း တက်ရောက်ခဲ့သည်။
၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်
