ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း Open Society Justice Initiative မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. James A. Goldston အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-4) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် လိုအပ်သော ဥပဒေရေးရာကိစ္စရပ်များ အကူအညီ ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအောင်တင်လင်းနှင့် ကော်မတီအဖွဲ့ဝင် ဒေါ်ခင်စန္ဒီတို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်
Standard (Image)
