ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း PRIME Farms Myanmar Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် PRIME Farms Myanmar Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် PRIME Farms Myanmar Ltd မှ အကောင်အထည်ဖော် ဆောင်ရွက် လိုသော Climate Smart Rice Project နှင့်ပတ်သက်၍ လုပ်ငန်းအစီအစဉ်များ၊ အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင် ဒေါက်တာသန်းအောင်စိုးနှင့် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင် တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်

Standard (Image)