ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောသည် Equality Myanmar အဖွဲ့၏ “လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ ဆရာဖြစ်နည်းပြ သင်တန်း” မှ နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတို့အား ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန် တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံသားများ၏အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အကြောင်းကြားစာများ၊ တိုင်ကြားစာများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်
Standard (Image)
