ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၀) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံး (၉) ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၀) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံး (၉) ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့် က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့် က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမပုံမှန် အစည်းအဝေးများတွင်  ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဝန်ကြီးဌာနများအနေဖြင့် တိကျရှင်းလင်းစွာ ဆွေးနွေးတင်ပြပေးနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးဌာနများမှ ၎င်းတို့၏ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမပုံမှန် အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဝန်ကြီးဌာနများအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးကို ၁၅-၃-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၀) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံး (၉) ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်

Standard (Image)