ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် Japan Business Federation (Keidanren)၏ ဒုတိယဥက္ကဋ္ဌ Mr. Ken KOBAYASHI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် Japan Business Federation (Keidanren) ၏ ဒုတိယဥက္ကဋ္ဌ Mr. Ken KOBAYASHI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အုံ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးကို ရှေးရှုသည့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်တိုးမြှင့် ဆောင်ရွက် နိုင်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးခင်အေး၊ ဦးဝင်းသိန်းဇော်၊ ကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးဝင်းမြင့်အောင်၊ ဦးအင်ထုံးခါးနော်ဆမ်၊ ဦးမောင်မောင်ဦး၊ ဦးပေါခင်(ခ) ဦးသက်လွင်၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်း၊ ဦးထွန်းမြင့်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ် - မတ်လ ၁၂ ရက်

Standard (Image)