ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် 24 Hour Mining & Industry Co., Ltd အဖွဲ့အား ယနေ့ ညနေ ၄ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် 24 Hour Mining & Industry Co.,Ltd မှ Clean Coal Technology တွင် အမြင့်ဆုံးဖြစ်သော Ultra Super Critical ခေတ်မီနည်းပညာများ အသုံးပြု၍ တည်ဆောက် အကောင် အထည်ဖော်ဆောင်ရွက်မည့် 660 MW – Yanmazu Coal Fired Power Plant စီမံကိန်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးသက်လွင်(ခ) ဦးပေါခင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်
