ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်သည် Digital Money Myanmar Ltd (Wave Money) မှ Mr. Brad Jones ဦးဆောင်သော အဖွဲ့အားယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာ ဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Wave Money စနစ်အားအသုံးပြု၍ ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်နေမှုများ၊ငွေကြေး လွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြ သည်။
၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့
Standard (Image)
