ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌဦးရန်လင်း အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်း (Food Science and Technology Association) ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းကြည် ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်း (Food Science and Technology Association) ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းကြည် ဦးဆောင်သော အဖ့ွဲအား ယနေ့ ညနေ ၃ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10)    အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော အစားအသောက် များ လုံလောက်စွာရရှိစေရန်၊ အစားအသောက်နှင့်သက်ဆိုင်သော ကျန်းမာရေး အသိပညာများ၊ ဥပဒေများ၊ စားသောက်ကုန်ဆိုင်ရာ တက္ကသိုလ်များ တည်ထောင်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့

Standard (Image)