ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် “Go Green Myanmar Company Ltd.” နှင့် ယိုးဒယားနိုင်ငံ “Noverm Engineering Inc” အဖွဲ့တို့အား ယနေ့ ညနေ ၄ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ရေတင်ခြင်း၊ မော်တာမောင်းနှင်ရသော အလုပ်များ၊ နေအိမ်၊ စက်ရုံ၊ ကျောင်း၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဆိုလာစနစ်ကို အသုံးပြု၍ နေရောင်ခြည်စွမ်းအင်မှ စက်ယန္တရားလည်ပတ်မှု အခြေအနေသို့ ပြောင်းလဲပေးသည့် နည်းပညာ စနစ်နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးသက်လွင်(ခ) ဦးပေါခင်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်
