ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် Policy Alternatives Research Institute (PARI) မှ စီမံကိန်းပါမောက္ခ ဟီစာရှီယိုရှိကာဝါ ဦးဆောင်သည့် အဖွဲ့အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် ဆောင်ရွက်နေသော စွမ်းအင်နှင့် ပတ်သက်သည့်သုတေသနလုပ်ငန်းများ၊ တိုကျိုတက္ကသိုလ် Alternatives Research Institute (PARI) ၏ စွမ်းအင်နှင့်ပတ်သက်သည့်မူဝါဒများနှင့် အကောင်အထည်ဖော်မှုများ၊ စွမ်းအင်နှင့် ပတ်သက်သည့်မူဝါဒများ ချမှတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများ၊ အခြား Stakeholder များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စွမ်းအင်မူဝါဒများနှင့်ပတ်သက်၍ နှီးနှော ဖလှယ်ပွဲများပြုလုပ်ရန် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးဇော်အောင်၊ ဦးဇာနည်မင်း၊ ဦးဖြိုးဇေယျာသော်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်
