ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှု ဘဝဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Mr.Ancha Srinivasan ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ မြန်မာ ဌာနေကိုယ်စားလှယ် Ms.Xiaojie Fan

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Mr.Ancha Srinivasan ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ မြန်မာဌာနေကိုယ်စားလှယ် Ms.Xiaojie Fan နှင့် အီတလီရုံးချုပ်မှ Mr.Cano Brau တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဇုံအတွင်း စိုက်ပျိုးရေးနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာအထောက်အပံ့ပေးရေး၊ ရာသီဥတုနှင့်လိုက်လျော ညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်းနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်

Standard (Image)