ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကိုယ်စား ၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Jaroslav Dolecek ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူူ့လွှတ်တော်ဥက္ကဋ္ဌကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Jaroslav Dolecek ဦးဆောင်သော အဖွဲ့အား၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ (၀၈း၀၀) နာရီ အချိန်တွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ အဆောင်အမှတ် (I-1)၌ လက်ခံ တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၅ ခုနှစ် မေ လ ၂၉ ရက်

Standard (Image)