ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်သောင်းသည် ကိုရီးယားဘဏ်များဖြစ်ကြသည့် Busan Bank, Hana Bank, industrial Bank of Korea, KDB Bank, Kookmin Bank, Shinhan Bank တို့မှမြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသောရုံးခွဲ တာဝန်ခံ အကြီးအကဲပုဂ္ဂိုလ်များအား ၂၀၁၅ ခုနှစ် မေလ ၂၀ ရက်နေ့ နံနက် ၈း၃၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးကျော်ခိုင်ဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့သို့တွေ့ဆုံစဉ် ဘဏ်လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံတွင်ကိုရီးယားဘဏ်များ၊ ကိုရီးယားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံခွင့်ရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေလ ၂၀ ရက်
