ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ ပြန်လည်ထွက်ခွာ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၆ ရက် ဒေသစံတော်ချိန် နေ့လည် ၂ နာရီတွင် နယူးယောက်မြို့ John F. Kennedy လေဆိပ်မှ လေကြောင်းခရီးဖြင်‌့ ထွက်ခွာခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်နှင်‌့ သံရုံးဝန်ထမ်းများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

၎င်းမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်နာယကနှင်‌့အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေလ ၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂၀ တွင် ရောက်ရှိကြပြီး မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၅ မိနစ်တွင် ပြန်လည်ရောက်ရှိကြသည်။

၂၀၁၅ ခုနှစ် မေလ ၈ ရက်

Standard (Image)