ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ Mr. Vijay Nambiar အား လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးသိန်းထွန်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၎င်းနောက် ပြည်ထောင်စုလွှတ်တော် နာယက နှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ Asia Society သို့ ရောက်ရှိကြပြီး တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် Asia Society ၌ ပြသထားသော Buddhist Art of Myanmar ပြခန်းအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေလ ၆ ရက်
