ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှ နယူးယောက်မြို့သို့ဆက်လက် ထွက်ခွာ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်ဒီစီမြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မေလ ၄ ရက်နေ့ (၀၉:၁၅) နာရီချိန်တွင် Eisenhower Building ၌ အမေရိကန်သမ္မတ မစ္စတာ ဘားရက်ခ် အိုဘားမား ၏ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Mr. Benjamin J. Rhodes နှင့်လည်းကောင်း၊ ၎င်းနောက် (၁၀:၄၅)နာရီချိန်တွင် Harry S Truman Building ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကိုယ်စား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Antony Blinken နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးသိန်းထွန်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ် တို့ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့သည် Union Station မှ ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ နယူးယောက်မြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြပြီး နယူးယောက်မြို့၊ ပန်ဆာဗေးနီးယား ဘူတာ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင် နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုကြသည်။

၂၀၁၅ ခုနှစ် မေလ ၅ ရက်
 

Standard (Image)