ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးသိန်းထွန်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ် တို့နှင့်အတူ ၂၀၁၅ ခုနှစ် မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် Smithsonian Air and Space Museum သို့ရောက်ရှိကြရာ Smithsonian Institution မှ Senior Advisor Mr. John A. Matel က ကြိုဆိုခဲ့သည်။
အဆိုပါ ပြတိုက်အတွင်း လေယာဉ်ပျံ စတင်တီထွင်ခဲ့ကြသော ရိုက်ညီနောင်နှင့် လေယာဉ်တီထွင် ပေါ်ပေါက်လာပုံများ၊ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော လေယာဉ်များ၊ လက်ရှိအသုံးပြုနေသော လေယာဉ်များနှင့် NASA က စတင်အသုံးပြုခဲ့သော ဒုံးပျံများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
၎င်းမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယဉ်ကျေးမှုပြခန်း Freer and Sackler သို့ရောက်ရှိကြရာ အာရှယဉ်ကျေးမှု ပြခန်းတာဝန်ခံ မစ္စ မာသာဘာရီဒိုးခန့် က ယဉ်ကျေးမှုပြတိုက်ဆိုင်ရာများကို လိုက်လံရှင်းလင်း ပြသခဲ့သည်။
၂၀၁၅ ခုနှစ် မေလ ၄ ရက်
