ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်း စတန်းဖို့ဒ်တက္ကသိုလ် International Political Studies (IPS) မှ သင်တန်းသားအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းသည် စတန်းဖို့ဒ်တက္ကသိုလ်၊ International Political Studies (IPS) မှ ပထမနှစ်သင်တန်းသားအဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၂၅ ရက် မွန်းလွဲ (၁၃း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (၁) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့်အတူ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်တို့မှ သင်တန်းသားများသိရှိလိုသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

၂၀၁၅ ခုနှစ် မတ်လ ၂၆ ရက်

Standard (Image)