ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးနှင့် အခွန်ကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် The World Bank မှ စီးပွားရေးပညာရှင်အကြီးအကဲနှင့် အကြီးတန်းဒုတိယဥက္ကဋ္ဌ Mr.Kaushik Basu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၂၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်ကောက်ဆိုင်ရာ စိစစ် ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်နှင့် အဖွဲ့များဖြစ်ကြသော ဦးကြည်ပြုံး၊ ဦးကျန်ထွန်း၊ ဒေါ်ခင်မွှေးလွင်၊ ဒေါ်ဖြူဖြူသင်းတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ငွေကြေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေဆိုင်ရာဘဏ်စနစ်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် မတ်လ ၂၄ ရက်
