ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗီယက်နမ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်နှင့် ဗီယက်နမ် အဖနိုင်ငံတော်တပ်ဦးဗဟိုကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်နှင့် ဗီယက်နမ် အဖနိုင်ငံတော်တပ်ဦးဗဟိုကော်မတီ ဥက္ကဋ္ဌ H.E. Mr Nguyen Thien Nhanဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက် ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌  လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့လွှတ်တော် မြန်မာ-ဗီယက်နမ် လွှတ်တော်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်မြင့် နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းမြင့်၊ ဦးအောင်ဆန်း၊ အမျိုးသားလွှတ်တော် ဗီယက်နမ်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဦးနေဝင်းထွန်း နှင့် အဖွဲ့ဝင် ဦးဆန်းရယ်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်စိုး  နှင့်  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr Pham Thanh Dungလည်း တက်ရောက်ခဲ့သည်။

၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်

Standard (Image)