ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ UNDP အကြီးအကဲနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ UNDP အကြီးအကဲRt. Hon.Helen Clark နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အမှုဆောင် ညွှန်ကြားရေးမှူး Ms. Ertharin Cousin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ညနေ (၄) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်ဒွဲဘူ၊ ဒေါ်နန်းနွံ၊ ဒေါ်နန်းစေအွာ၊ဒေါ်ခင်စောဝေနှင့်ဒေါ်မိမြင့်သန်း၊ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်၊  မတ်လ  ၁၂ ရက်

Standard (Image)