ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်သည် Transitive Management ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Nando Galazzo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၁၁ ရက် ညနေ(၄)နာရီတွင်နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံရေးရာဆောင် အမှတ် (I-10)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းပြီး စွမ်းအင်အသုံးပြုရေး အတွက် နည်းပညာအကူအညီပေးရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရာတွင် လွှတ်တော်မှ လိုအပ်ချက် များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကဏ္ဍတစ်ခုချင်းစီအလိုက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်
