ပြည်သူ့လွှတ်တော်ကျန်းမာရေးမြှင့်တင်မှုကော်မတီအတွင်းရေးမှူး ဒေါက်တာနေလင်း ပက်-မြန်မာ (Pact in Myanmar) အဖွဲ့အစည်းမှ Mr.Richard Harrison အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာနေလင်း သည်    ပက်-မြန်မာ(Pact in Myanmar)အဖွဲ့အစည်းမှ Mr.Richard Harrison အား ၂၀၁၅ ခုနှစ် မတ်လ ၁၁ ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင်အမှတ် (I-11) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပက်-မြန်မာ အဖွဲ့၏ ပြည်သူများ၏ အခြေခံ လိုအပ်ချက်များ ဖြစ်သော ကျန်းမာရေး၊  သန့်ရှင်းသောသောက်သုံးရေ ရရှိရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ် သက်ပြီး အကူအညီပေးရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာ နေလင်းနှင့်အတူ အဖွဲ့ဝင်များ ဖြစ်ကြသော  ဒေါက်တာစိုးသူရနှင့် ဦးမြသိန်းတို့ တက်ရောက်ကြပြီး ဧည့်သည်တော်နှင့်အတူ ပက်-မြန်မာအဖွဲ့အစည်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းသိန်းလည်း တက်ရောက်ခဲ့သည်။

၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်

 

Standard (Image)