ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားဆက်ဆံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Cheng Fengxiang ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ် မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအောင်ကို နှင့် ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေလ ၁၉ ရက်
Standard (Image)
