ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီးများကဏ္ဍရုံးမှ အမေရိကန်သံအမတ်ကြီး H.E.Mrs. Catherine M. Russell အား ၂၀၁၅ ခုနှစ် မေလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ကဏ္ဍရုံးမှ အမေရိကန် သံအမတ်ကြီး နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်လည်း တက်ရောက်ခဲ့သည်။
၂၀၁၅ ခုနှစ် မေလ ၁၈ ရက်
Standard (Image)
