ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဦးအောင်ထွန်းခိုင် Westminster Foundation For Democracy (WFD) မှ UK အထက်လွှတ်တော်အမတ် Mr.Lord Malcolm Bruce အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဦးအောင်ထွန်းခိုင် သည် Westminster Foundation For Democracy (WFD) မှ UK အထက်လွှတ်တော်အမတ် Mr.Lord Malcolm Bruce အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် WFD မှ UK အထက်လွှတ်တော်အမတ်အနေဖြင့် အတွေ့အကြုံများ မျှဝေခြင်းနှင့် အကြံဉာဏ်များပေးခြင်း၊ မူဝါဒ အထောက်အကူပေးခြင်း လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

Standard (Image)